ဒီလိုက်ခ်ျကို ကြားဖြတ်ခေါ်ယူနိုင်ခြေရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်

  အေဂျက်ဇ်လူငယ်နောက်ခံလူဒီလိုက်ခ်ျဟာ ဂျူဗင်တပ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုက်ခ်ျကိုခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒီိလိုက်ခ်ျဟာ ဂျူဗင်တပ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သတင်းတွေက ခိုင်ခိုင်မာမာ ဖော်ပြလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ BBC Sport ရဲ့ David David Ornstein က ဒီလိုက်ခ်ျကို ကြားဖြတ်ခေါ်ယူနိုင်တဲ့ အသင်းဟာ တစ်သင်းတည်းရှိနေပြီး အဲဒီအသင်းဟာ ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့ တာပဲ ဖြစ်ပါတယ်။

မန်ုယူအသင်းဟာလည်း ဒီလိုက်ခ်ျကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းဖြစ်ပြီး ဒီလိုက်ခ်ျနဲ့လည်း သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေခဲ့ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ နောက်တန်းကို အဓိကပြင်ဆင်လိုလျက် ရှိနေပါတယ်။

ဒါကြောင့် မန်ယူအသင်းဟာ ထိပ်တန်းကစားသမားတော်တော်များများကို ပစ်မှတ်ထားလျက်ရှိနေပြီး အဲဒီအထဲကမှ အေဂျက်ဖ်လူငယ်နောက်ခံလူဒီလိုက်ခ်ျဟာ ဆိုးလ်ရှားအကြိုက်တွေ့ဆုံးကစာသမားလို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒီလိုက်ခ်ျကို ပြောင်းရွှေ့ကြေးစရိတ် အများအပြား အသုံးပြုကာ ကြးဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုက်ခ်ျကတော့ မန်ယူကို ပြောင်းရွှေ့ဖို့ဆန္ဒမရှိဖြစ်နေတယ်လို့ သိရပါတယ်။

ဘယ်ကစားသမားမှ ရိုက်ချိုးနိုင်ဖို့ မလွယ်ကူတော့တဲ့ ၂၀၁၂ခုနှစ်က မက်ဆီရဲ့စံချိန်

လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

အသက်၂၅နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ၂၀၁၂ခုနှစ်မှာတော့ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၉၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉ကြိမ် ပြုလုပ်သွားနိုင်ခဲ့တာပါ။ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးသွင်းစံချိန်ပါပဲ။ မက်ဆီဟာ အဲ့ဒီ့ ၉၁ဂိုးထဲက ၇၉ဂိုးကိုတော့ ဘာစီလိုနာအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁၂ဂိုးကိုတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ယခင်က ပြက္ခဒိန်​တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးသွင်းယူပြီး အနှစ်၄၀ကြာ ကမ္ဘာ့စံချိန်တင်ထားခဲ့တဲ့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် မယုံကြည်နိုင်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မက်ဆီဟာ အဲ့ဒီ့သွင်းဂိုး ၉၁ဂိုး သွင်းယူနိုင်ဖို့အတွက် ပွဲပေါင်း ၆၉ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။ ၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

Design a site like this with WordPress.com
Get started