ဘယ်ကစားသမားမှ လိမ်ခေါက်ကျော်ဖြတ်ခြင်း မခံခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဗန်ဒိုက်ခ်ျ

  လီဗာပူးအသင်းရဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ရုံသာမက ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးထက် တစ်မှတ်သာ လျော့နည်းခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံနယ်သာလန်အသင်းကိုလည်း ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

 ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ဗန်ဒိုက်ခ်ျရဲ့ အကောင်းဆုံး မှတ်တမ်းကတော့ ပြီးခဲ့တဲ့ရာသီက ဘယ်တိုက်စစ်ကစားသမားကမှ သူ့ကို လိမ်ခေါက်ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ခံစစ်ကစားသမားတစ်ယောက်အတွက် အရမ်းကို ဂုဏ်ယူစရာကောင်းလွန်းတဲ့ မှတ်တမ်းဖြစ်ပြီး ယခုအခါမှာတော့ ပြိုင်ဘက်တွေကို တစ်ဦးချင်း ထိန်းချုပ်နည်း လျှို့ဝှက်ချက်ကို ထုတ်ပြောလာခဲ့ပါပြီ။

Unisport နဲ့ အင်တာဗျူးမှာတော့ ဗန်ဒိုက်ခ်ျက ” ဒါဟာ အရင်က လမ်းကြားလေးတွေမှာ တစ်ယောက်ချင်း ဘောလုံးကစားခဲ့တဲ့ အကျိုးကျေးဇူးတွေပါ။ ကျွန်တော် ကလေးဘဝတုန်းက တစ်ဖက်၅ယောက်စီကစားရတဲ့ လမ်းဘေးပွဲလေးတွေကို သိပ်ကြိုက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်က တိုက်စစ်ကစားသမားတွေရဲ့ ခံစားချက်နဲ့ သူတို့ကို ဘယ်လိုထိုးနှက်ရမလဲဆိုတာ မြင်လာခဲ့တာ ဖြစ်ပါတယ်။ “

ပရော်ဖက်ရှင်နယ်လ် ကစားသမားဘဝရောက်တော့လည်း ဒါတွေက အတွေ့အကြုံကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ မင်းက ခံစစ် ဒါမှမဟုတ် တိုက်စစ်ကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာ ဘောလုံးကစားရတဲ့ အလေ့အကျင့်ကို မစွန့်လွှတ်လိုက်ပါနဲ့။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ခ်ျက ” အကောင်းဆုံး အကြံပေးချင်တာတစ်ခုကတော့ ကစားသမားကောင်းတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒါဟာ ကျွန်တော်ရဲ့ခံယူချက်လည်း ဖြစ်ပါတယ်။ လူငယ်မျိုးဆက်သစ် ကစားသမားတွေလည်း ဒါကို လက်ခံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ အကြံပေးစကား ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

ဒီလိုက်ခ်ျကို ကြားဖြတ်ခေါ်ယူနိုင်ခြေရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်

  အေဂျက်ဇ်လူငယ်နောက်ခံလူဒီလိုက်ခ်ျဟာ ဂျူဗင်တပ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုက်ခ်ျကိုခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒီိလိုက်ခ်ျဟာ ဂျူဗင်တပ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သတင်းတွေက ခိုင်ခိုင်မာမာ ဖော်ပြလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ BBC Sport ရဲ့ David David Ornstein က ဒီလိုက်ခ်ျကို ကြားဖြတ်ခေါ်ယူနိုင်တဲ့ အသင်းဟာ တစ်သင်းတည်းရှိနေပြီး အဲဒီအသင်းဟာ ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့ တာပဲ ဖြစ်ပါတယ်။

မန်ုယူအသင်းဟာလည်း ဒီလိုက်ခ်ျကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းဖြစ်ပြီး ဒီလိုက်ခ်ျနဲ့လည်း သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေခဲ့ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ နောက်တန်းကို အဓိကပြင်ဆင်လိုလျက် ရှိနေပါတယ်။

ဒါကြောင့် မန်ယူအသင်းဟာ ထိပ်တန်းကစားသမားတော်တော်များများကို ပစ်မှတ်ထားလျက်ရှိနေပြီး အဲဒီအထဲကမှ အေဂျက်ဖ်လူငယ်နောက်ခံလူဒီလိုက်ခ်ျဟာ ဆိုးလ်ရှားအကြိုက်တွေ့ဆုံးကစာသမားလို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒီလိုက်ခ်ျကို ပြောင်းရွှေ့ကြေးစရိတ် အများအပြား အသုံးပြုကာ ကြးဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုက်ခ်ျကတော့ မန်ယူကို ပြောင်းရွှေ့ဖို့ဆန္ဒမရှိဖြစ်နေတယ်လို့ သိရပါတယ်။

ဘယ်ကစားသမားမှ ရိုက်ချိုးနိုင်ဖို့ မလွယ်ကူတော့တဲ့ ၂၀၁၂ခုနှစ်က မက်ဆီရဲ့စံချိန်

လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

  လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

အသက်၂၅နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ၂၀၁၂ခုနှစ်မှာတော့ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၉၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉ကြိမ် ပြုလုပ်သွားနိုင်ခဲ့တာပါ။ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးသွင်းစံချိန်ပါပဲ။ မက်ဆီဟာ အဲ့ဒီ့ ၉၁ဂိုးထဲက ၇၉ဂိုးကိုတော့ ဘာစီလိုနာအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁၂ဂိုးကိုတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ယခင်က ပြက္ခဒိန်​တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးသွင်းယူပြီး အနှစ်၄၀ကြာ ကမ္ဘာ့စံချိန်တင်ထားခဲ့တဲ့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် မယုံကြည်နိုင်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မက်ဆီဟာ အဲ့ဒီ့သွင်းဂိုး ၉၁ဂိုး သွင်းယူနိုင်ဖို့အတွက် ပွဲပေါင်း ၆၉ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။ ၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

ပေါ့ဘာရဲ့နေရာအစားထိုးဖို့ အသင့်တော်ဆုံးကစားသမားအဖြစ် ဂွမ်ဒူဇီကိုရွေးချယ်

                မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာသာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ပါက အစားထိုးဖို့ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားမသား မတ်တီယို ဂွမ်ဒူဇီသာ အသင့်တော်ဆုံးဖြစ်တယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက ပြောကြားသွားခဲ့ပါတယ်။

                မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာသာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ပါက အစားထိုးဖို့ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားမသား မတ်တီယို ဂွမ်ဒူဇီသာ အသင့်တော်ဆုံးဖြစ်တယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက ပြောကြားသွားခဲ့ပါတယ်။

              လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ကော်လီမိုးကတော့ လက်ရှိမှာ ဈေးကွက်တန်ဖိုး ပေါင်သန်း၁၅၀နီးပါး ရှိနေတဲ့ ပေါ့ဘာသာ ယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့ပါက သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားတွေအကြောင်းကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ” တကယ်လို့ ပေါ့ဘာသာအသင်းကနေ ထွက်သွားမယ်ဆိုရင် ကျွန်တော့်အမြင်မှာ အစားထိုးဖို့ ကစားသမား သုံးယောက်တိတိ ရှိနေပါတယ်။ “

” ဒီကလန်ရိုက်စ် ၊ မက်ဒီဆင် နဲ့ ဂွမ်ဒူဇီတို့ပါ။ သူတို့အားလုံးဟာ အသက်ငယ်ပေမယ့် အရည်အသွေးပြည့်ဝတဲ့ ကွင်းလယ်ကစားသမားတွေပါ။ သုံးယောက်စလုံးပဲ ဖြစ်ဖြစ် ၊ တစ်ယောက်ပဲဖြစ်ဖြစ် အိုးထရက်ဖို့ဒ်ကို ရောက်လာတာနဲ့ အသင်းရဲ့ ကွင်းလယ်ကစားကွက်ကို မြှင့်တင်ပေးနိုင်မယ်လို့ထင်ပါတယ်။ ဂွမ်ဒူဇီကတော့ အသင့်တော်ဆုံးပါပဲ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးလောကရဲ့ အခမ်းနားဆုံး Comeback အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကိုရီးယားလိဂ်ကပွဲစဉ်

                ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ comeback ပွဲစဉ်တော်တော်များများကို ပရိသတ်တွေ ကြည့်ရှုခံစားလိုက်ရမှာပါ။ လီဗာပူးရဲ့ ဘာစီလိုနာကို အန်းဖီးလ်မှာ အနိုင်ယူခဲ့တဲ့ comeback ၊ စပါးအသင်းရဲ့ အေဂျက်ဇ်ကို အနိုင်ယူခဲ့တဲ့ comeback ၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ PSG ကွင်းမှာ တစ်ကျော့ပြန် အနိုင်ယူခဲ့တဲ့ comeback ပွဲတွေဟာ ပရိသတ်တွေကြားမှာ တသသ ပြောကျန်ရစ်ခဲ့ရတဲ့ comeback ပွဲစဉ်တွေပါပဲ။ ဒါပေမယ့် မနေ့က ကစားသွားခဲ့တဲ့ တောင်ကိုရီးယားပြည်တွင်းလိဂ်က ပွဲစဉ်တစ်ပွဲကိုတော့ မှီမယ်မထင်ပါဘူး။

တောင်ကိုရီးယားကလပ် ဂန်ဝန်းအသင်းနဲ့ ပိုဟန်စတီးလားစ်အသင်းတို့ဟာ ဘောလုံးပွဲကြည့်ရှုသူ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပေးနိုင်ဆုံး ပွဲစဉ်တစ်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ နည်းပြကင်ဗြောင်ဆူးရဲ့ ဂန်ဝန်းအသင်းဟာ ပွဲကစားချိန် ၅၇မိနစ်အရောက်မှာ ပိုဟန်စတီးလားစ်အသင်းကို ၄ဂိုးပြတ် အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝ စိတ်ဓါတ်မကျပဲ အကောင်းဆုံး ဆက်လက်ကြိုးစားကစားခဲ့ပြီး ၇၁မိနစ်အရောက်မှာတော့ ချိုဂျေးဝမ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

၈မိနစ်အကြာမှာပဲ ဂန်ဝမ်းနောက်ခံလူ ဗလန်တီနိုစီလစ်က ချေပဂိုးတစ်ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး (၄-၂) ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ်ထားနေကြစဉ်မှာပဲ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ နာကျင်အချိန်ပို ၆မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ အဆိုပါ ပထမချေပဂိုး သွင်းယူပေးခဲ့တဲ့ ချိုဂျေးဝမ်ကပဲ ၉၀+၂ မိနစ်နဲ့ ၉၀+၄ မိနစ်တို့မှာ ၂ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး (၄-၄) စီ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပွဲပြီးဖို့ စက္ကန့်​ပိုင်းလောက်ပဲ လိုပါတော့တယ်။ နောက်ဆုံးအပိုင်းအခြား အခိုက်အတန့်လေးမှာပဲ ဂန်ဝမ်းတိုက်စစ်မှူး ဂျန်ဂျိုဂွတ်က ဘောလုံးလောကရဲ့ အခမ်းနားဆုံး epic comeback တစ်ခုဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ဂန်ဝမ်းအသင်းရဲ့ Chuncheon Songam ကွင်းကြီးထဲမှာလည်း ပရိသတ်ပေါင်းများစွာရဲ့ အောင်ပွဲခံတဲ့အသံတွေနဲ့ သောသောညံခဲ့ပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ ၄ဂိုးပြတ်အရှုံးကနေ နာကျင်အချိန်ပိုမှာ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကို ဘောလုံးပွဲတစ်ပွဲက ပေးစွမ်းတဲ့ ရသကို ပြည့်ပြည့်ဝဝ ခံစားရစေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီပွဲကို ဘောလုံးလောကရဲ့ အခမ်းနားဆုံး ပြန်လာနိုင်မှုလို့ သတ်မှတ်ခဲ့ကြပြီး ဂန်ဝမ်းအသင်းဟာလည်း သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Design a site like this with WordPress.com
Get started