ဘယ်လိုဂိမ်းမျိုးရွေးဆော့သင့်လည်း

Starters တွေအတွက် မိမိကစားလိုတဲ့ ဂိမ်းမျိုးကို ဘယ်လိုမှန်ကန်စွာ ရွေးချယ်ကြမလဲ

မိတ်ဆွေရဲ့သူငယ်ချင်းတွေက ဂိမ်းကစားတာနဲ့ပတ်သက်ပြီးတော့ ဘာအကြောင်းတွေ ပြောနေကြပြီလဲ? သင်ကော ဂိမ်းတစ်ခုကို ကစားဖို့ စိတ်ကူးလေးရှိနေပြီလား? ဒီတစ်ခေါက်မှာတော့ ဂိမ်းကစားဖို့အတွက် အစီစဉ်ရှိပြီး မိမိအနေနဲ့ ဘယ်လိုစကစားရမယ်၊ ဘာတွေကိုကစားရမယ်ဆိုတာနဲ့ပတ်သက်ပြီး တွေဝေနေတဲ့ မိတ်ဆွေများအတွက် အကြံကောင်းနည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

ယနေ့ခေတ်ကြီးထဲမှာ ဂိမ်းမဆော့တဲ့ လူတွေလဲ ခတ်ရှားရှားဖြစ်လာပါပြီ။ ဆိုတော့ မိတ်ဆွေကလည်း ဂိမ်းမကစားဖူးပေမယ့် အနည်းဆုံးတော့ mobile legendတို့၊ ရှမ်းကိုးမီးတို့၊ ငါးပစ်ဂိမ်းတို့ကိုကြားဖူးမယ်ထင်ပါတယ်။ ဆိုလိုချင်တာက အဆိုပါဂိမ်းတွေဟာ မိတ်ဆွေနဲ့ လုံးဝစိမ်းမနေဘူးဆိုတာပါပဲ။ ဒါပေမယ့် မိတ်ဆွေအနေဖြင့် ဂိမ်းတစ်ခုကို စကစားတော့မယ်ဆိုရင်တော့ မိတ်ဆွေအတွက် အသုံးဝင်မယ့် ယေဘုယျအားဖြင့် အခြေခံဂိမ်းရွေးချယ်ခြင်း နည်းလမ်းများကို ပြောပြချင်ပါတယ်။

ပထမဦးဆုံး မိတ်ဆွေအနေနဲ့ ဘယ်လိုဂိမ်းမျိုးကို ဆော့ဖို့ရန် စိတ်ဆန္ဒပြင်းပြလဲဆိုတာ  ရှာဖွေစစ်ဆေးဖို့လိုပါတယ်။ Online ပေါ်မှာရှိတဲ့ များစွာသော website, social media များက သူတို့အနေဖြင့် အကောင်းဆုံးသော ၀န်ဆောင်မှု၊ အကောင်းဆုံးသော ကြော်ငြာစာများနှင့် အကောင်းဆုံးသော ဂိမ်းအမျိုးအစားများကိုသာ ဖော်ပြထားလေ့ရှိပါတယ်။ ဆိုတော့သင်နဲ့ကိုက်ညီမယ့် ဂိမ်းမျိုးကို ဘယ်လိုရွေးချယ်ဆော့ကစားမလဲ? မိတ်ဆွေအနေဖြင့်……

– စိတ်လုပ်ရှားစရာကောင်းတဲ့ စိတ်ပြေလက်ပြေဆော့ကစားဖို့လား?

– လုံးဝရိုးရိုးရှင်းရှင်းဂိမ်းမျိုးကိုပဲ ကစားချင်တာလား? ဒါမှမဟုတ်

– အများကြီးစဉ်းစားရတဲ့ ခေါင်းစားတဲ့ ဂိမ်းမျိုးတွေကို ကစားချင်တာလား?

ဒီမေးခွန်းများကို မိမိကိုယ်တိုင်ပဲ စိတ်ထဲမှာဖြေကြည့်ပါ။ မိတ်ဆွေအနေနဲ့ မတူညီတဲ့ အကြောင်းအရာများကို တွေးမိပါလိမ့်မယ်။ ဆိုလိုချင်တာက မိမိခံစားချက်အပေါ် မူတည်ပြီးတော့မှ ကစားဖို့ဂိမ်းအမျိုးအစား ရွေးချယ်တာက မိတ်ဆွေအတွက် ပိုသင့်တော်ပါလိမ့်မယ်။

အကယ်၍ မိတ်ဆွေက စိတ်လုပ်ရှားစရာကောင်းတဲ့ ဂိမ်းမျိုးကို ကစားလိုပါက Slots ဂိမ်းတွေကို ရွေးချယ်ကစားသင့်ပါတယ်။ Slot ဂိမ်းမျိုးက ကစားသူကို စိတ်တက်ကြွစေတယ်၊ ပျော်ရွှင်စေတယ်၊ အနိုင်ရရှိဖို့ အခွင့်အရေးပိုများစေပါတယ်။ ဒါ့အပြင် Craps ဂိမ်းတွေလိုဟာမျိုးလည်း ဆော့ကစားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဂိမ်းတွေက မိတ်ဆွေအတွက် အပန်းဖြေရာပိုကျလို့ပါ။

အကယ်၍ မိတ်ဆွေက လုံးဝရိုးရိုးရှင်းရှင်း အမြင်ရှင်းတဲ့ ဂိမ်းမျိုးကစားချင်တယ်ဆိုရင်တော့ blackjack တို့ porker တို့ ဂိမ်းလိုဟာမျိုးတွေကို ရွေးချယ်ဆော့ကစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဂိမ်းမျိုးမှာက တခြားဂိမ်းတွေလို နောက်ခံသံစဉ်(background music) အမိုက်စားတွေ ထည့်မထားလို့ပါ။ ဒါ့အပြင် ရှုတ်ထွေးနေတဲ့ ရောင်စုံပေါင်းမြောက်များစွာနဲ့လည်း ချယ်သမထားပါဘူး။ ဒီဂိမ်းရဲ့ အပြင်အဆင်က လုံးဝရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါကြောင့် ရိုးရိုးလေးကြိုက်တဲ့သူတွေက ရိုးရိုးလေးပဲသွားသင့်တာပေါ့နော်။

အကယ်၍ မိတ်ဆွေက တကယ်ပဲ လုံးဝရှုတ်ထွေးပြီးတော့ အများကြီးစဉ်းစားရတဲ့ ဂိမ်းမျိုးကို ဆော့ဖို့ အာရုံရှိတယ်ဆိုရင်တော့ Slot ဂိမ်းမျိုးကိုပဲကစားပါ။ Slot ဂိမ်းများက အပေါ်မှာ ဖော်ပြသွားတဲ့အတိုင်းပဲ စိတ်လုပ်ရှားစရာကောင်းပါတယ်။ ဒါ့အပြင် ဒီလိုဂိမ်းမျိုးက လူတော်တော်များများအတွက် တော်တော်လေးခေါင်းစားရတဲ့ ဂိမ်းလို့ ပြောရရင်လည်း မမှာပါဘူး။ ဤနေရာမှာ မိတ်ဆွေအနေနဲ့ blackjack တို့ craps တို့ ဂိမ်းမျိုးကိုလည်း ကစားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီလိုဂိမ်းမျိုးတွေက ရိုးရှင်းတယ်ဆိုပေမယ့် စိတ်နဲ့ကိုယ်နဲ့နှစ်ပြီး သေသေချာချာလေး စဉ်းစားပြီးတော့ ကစားရတဲ့ ဂိမ်းမျိုးဖြစ်လို့ပါ။

ယခုဖော်ပြပေးသွားတဲ့ Starters တွေအတွက် ဂိမ်းရွေးချယ်ခြင်းနည်းလမ်းဟာ မိတ်ဆွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဤ Post က မိတ်ဆွေအတွက် အကျိုးဖြစ်စေတယ်ဆိုလို့ရှိရင် တခြားမိတ်ဆွေတွေအတွက် Like and Share လေးပြုလုပ်ပေးသွားဖို့ မမေ့ပါနဲ့ဦးနော်….

ဘောလုံးလောကရဲ့ အခမ်းနားဆုံး Comeback အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကိုရီးယားလိဂ်ကပွဲစဉ်

                ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ comeback ပွဲစဉ်တော်တော်များများကို ပရိသတ်တွေ ကြည့်ရှုခံစားလိုက်ရမှာပါ။ လီဗာပူးရဲ့ ဘာစီလိုနာကို အန်းဖီးလ်မှာ အနိုင်ယူခဲ့တဲ့ comeback ၊ စပါးအသင်းရဲ့ အေဂျက်ဇ်ကို အနိုင်ယူခဲ့တဲ့ comeback ၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ PSG ကွင်းမှာ တစ်ကျော့ပြန် အနိုင်ယူခဲ့တဲ့ comeback ပွဲတွေဟာ ပရိသတ်တွေကြားမှာ တသသ ပြောကျန်ရစ်ခဲ့ရတဲ့ comeback ပွဲစဉ်တွေပါပဲ။ ဒါပေမယ့် မနေ့က ကစားသွားခဲ့တဲ့ တောင်ကိုရီးယားပြည်တွင်းလိဂ်က ပွဲစဉ်တစ်ပွဲကိုတော့ မှီမယ်မထင်ပါဘူး။

တောင်ကိုရီးယားကလပ် ဂန်ဝန်းအသင်းနဲ့ ပိုဟန်စတီးလားစ်အသင်းတို့ဟာ ဘောလုံးပွဲကြည့်ရှုသူ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပေးနိုင်ဆုံး ပွဲစဉ်တစ်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ နည်းပြကင်ဗြောင်ဆူးရဲ့ ဂန်ဝန်းအသင်းဟာ ပွဲကစားချိန် ၅၇မိနစ်အရောက်မှာ ပိုဟန်စတီးလားစ်အသင်းကို ၄ဂိုးပြတ် အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝ စိတ်ဓါတ်မကျပဲ အကောင်းဆုံး ဆက်လက်ကြိုးစားကစားခဲ့ပြီး ၇၁မိနစ်အရောက်မှာတော့ ချိုဂျေးဝမ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

၈မိနစ်အကြာမှာပဲ ဂန်ဝမ်းနောက်ခံလူ ဗလန်တီနိုစီလစ်က ချေပဂိုးတစ်ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး (၄-၂) ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ်ထားနေကြစဉ်မှာပဲ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ နာကျင်အချိန်ပို ၆မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ အဆိုပါ ပထမချေပဂိုး သွင်းယူပေးခဲ့တဲ့ ချိုဂျေးဝမ်ကပဲ ၉၀+၂ မိနစ်နဲ့ ၉၀+၄ မိနစ်တို့မှာ ၂ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး (၄-၄) စီ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပွဲပြီးဖို့ စက္ကန့်​ပိုင်းလောက်ပဲ လိုပါတော့တယ်။ နောက်ဆုံးအပိုင်းအခြား အခိုက်အတန့်လေးမှာပဲ ဂန်ဝမ်းတိုက်စစ်မှူး ဂျန်ဂျိုဂွတ်က ဘောလုံးလောကရဲ့ အခမ်းနားဆုံး epic comeback တစ်ခုဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ဂန်ဝမ်းအသင်းရဲ့ Chuncheon Songam ကွင်းကြီးထဲမှာလည်း ပရိသတ်ပေါင်းများစွာရဲ့ အောင်ပွဲခံတဲ့အသံတွေနဲ့ သောသောညံခဲ့ပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ ၄ဂိုးပြတ်အရှုံးကနေ နာကျင်အချိန်ပိုမှာ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကို ဘောလုံးပွဲတစ်ပွဲက ပေးစွမ်းတဲ့ ရသကို ပြည့်ပြည့်ဝဝ ခံစားရစေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီပွဲကို ဘောလုံးလောကရဲ့ အခမ်းနားဆုံး ပြန်လာနိုင်မှုလို့ သတ်မှတ်ခဲ့ကြပြီး ဂန်ဝမ်းအသင်းဟာလည်း သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီ မန်ယူအသင်းကိုပြန်ရောက်ဖို့ရှိမလား .?

 

မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာ ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့အရင်အသင်းတိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီကို အသင်းမှာလေ့ကျင့် န်းဆင်းဖို့ဖိတ်ခေါ်ခဲ့တာမို့ ရော့စီကို မန်ယူအသင်းဂျာစီနဲ့ပြန်ပြီးမြင်တွေ့ရဖို့ရှိမလားလို့ ပရိသတ်တွေ က စိတ်လှုပ်ရှားမျှော်လင့်နေကြတယ်လို့သိရပါတယ်။

ဂျီနိုအာအသင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ရော့စီဟာ ပြီးခဲ့တဲ့ ၂၀၁၈ မေလ ဂျီနိုအာနဲ့ဘီနီဗင်တိုအသင်းယှဉ်ပြိုင်ကစားခဲ့ တဲ့ပွဲမှာ ဆေးကျခဲ့ပြီးနောက်တနှစ်ပွဲပယ်ခံရနိုင်တဲ့စွဲချက်နဲ့အမှုရင်ဆိုင်ခဲ့ရပြီး၊ သူ့ကိုယ်ထဲမှာတွေ့တဲ့ dorzolamide ဒြပ်ပေါင်းဟာ အစားအစာထဲမှာပါနိုင်တယ်ဆိုတဲ့ လျှောက်လှဲချက်ကြောင့် နောက်ဆုံးမှာပြင်းပြင်းထန်ထန်သတိပေးခံရ တဲ့အဆင့်နဲ့ စွဲချက်ကနေလွတ်မြောက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရော့စီ ” ပြီးခဲ့တဲ့ လေးလက ဘဝအတွက်ခြောက်လှန့်နေမယ့်အိပ်မက်ဆိုးပါပဲ၊ ခုချိန်မှာတော့ဘောလုံး ကစားဖို့တခုတည်းပဲ ခေါင်းထဲမှာတွေးထားပါတယ် ” လို့ရင်ဖွင့်သွားခဲ့ပါတယ်။ ဒါကြောင့် ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့ သူ့ကို မန်ယူအသင်းနည်းပြဆိုးလ်ရှားကဘောလုံးသမားဘဝမဆုံးရှုံးသွားဖို့အတွက်ကူညီတဲ့အနေနဲ့အသင်းမှာလေ့ကျင့် ခန်းဆင်းဖို့ ဖိတ်ခေါ်ခဲ့တာကို ရော့စီကလည်းလက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Football – Stock – 05/06 – 7/5/06 Giuseppe Rossi – Manchester United Mandatory Credit: Action Images / Reuters / Phil Noble Picture Supplied by Action Images *** Local Caption *** _T3Y0040.jpg

ဘောလုံးကစားခြင်းမှာထူးခြားတဲ့ပါရမီရှိတဲ့သူလို့ချီးကျုးခံရတဲ့ရာ့စီကိုမန်ယူအသင်းဟာ ၂၀၀၄ ခုနှစ်(သူ့အသက် ၁၇ နှစ်)ကတည်းက ခေါ်ယူခဲ့ပြီးအသင်းကြီးမှာ ပါဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့်မန်ယူအသင်းမှာရှိခဲ့တဲ့ ၃ ရာသီအတွင်း လူငယ်ကစားသမားတယောက်အတွက် ပွဲထွက်ကစားခွင့်ရဖို့မလွယ်ကူတာမို့ နယူးကာဆယ်နဲ့ ပါးမားအသင်းတွေမှာ အဌားနဲ့သွားကစားခဲ့ရပြီး နောက်ဆုံး ၂၀၀၇ ခုနှစ်မှာ ဗီလာရီယဲလ်အသင်းကို ယူရို ၁၀ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ခြေစွမ်းနဲ့ပါရမီရှိပေမယ့် ရော့စီဟာဗီလာရီယဲလ်အသင်းမှာရခဲ့တဲ့ဒူးဒဏ်ရာကြောင့် ကစားသမားဘဝအဆုံးသတ်လုနီး ပါးဖြစ်ခဲ့ဖြစ်ခဲ့သလို၊ ခုတကြိမ်လည်း ဆေးမှုကြောင့်သူ့ဘောလုံးသမားဘဝ နောက်တကြိမ်နောက်တခါအဆုံးသတ်မလို ဖြစ်နေခဲ့ရတာကြောင့် မန်ယူပရိသတ်တွေက သူ့ဘောလုံးသမားစောစီးစွာ အဆုံးမသတ်စေဖို့အတွက် အသင်းမှာပြန် ခေါ်နေရာပေးကစားစေဖို့ စိတ်အားထက်သန်နေကြကာ ဒါနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကိုတိုက်တွန်းသွားဖို့ရှိတယ် လို့သိရပါတယ်။

Dragon & Tiger(AG Live)

Dragon Tiger Game ကတော့ထွေထွေထူးထူးပြောစရာတော့သိပ်မရှိပါဘူး။ Dragon Tiger ဒါမှမဟုတ် Tie ဒါပဲရွေးချယ်စရာရှိတော့ ကြီးတဲ့လူက ငယ်တဲ့လူကိုစားမယ် ဒါပဲရှိတယ်။ ကိုယ်က Dragon ကို 100 လောင်းထားတယ်ဆိုပါစို့ ဖဲလှန်တဲ့အခါမှာ Dragon က 7 Tiger က 5 ကျတယ်ပေါ့ အဲ့လိုဆိုရင် ကိုယ့်ကိုဒိုင်ဘက်က 100 ပြန်လျော်တယ်။ ကိုယ်က Dragon ထိုးတယ် ဖဲလှန်တော့ Dragon & Tiger တူနေမယ်ဆိုရင်တော့ဒိုင်က တစ်ဝက်စားပါတယ် အဲ့အချိန်မှာတစ်ခုရှိတာက ကိုယ်က Dragon လည်းမထိုးဘူး Tiger လည်းမထိုးဘဲ Tie ထည့်ထားတယ်ဆိုရင်တော့ ဒိုင်က ကိုယ့်ကို 8 ဆ လျော်ရပါတယ် အဲ့လောက်ပါပဲတခြား ဘာမှတော့သိပ်မရှိပါဘူး ။ ဖဲအကြီးအသေးကဘယ်လိုသတ်မှတ်လဲဆိုရင် A,2,3,4,5,6,7,8,9,10,J,Q,K ဆိုပြီးအစဉ်တိုင်းသွားပါတယ်။ အလျော်အစားတွေက Casino Site တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့။ အပေါ်ကပြောပြသွားတဲ့ အလျော်အစားပုံစံကတော့ jdbyg casino site ရဲ့ အလျော်အစားသတ်မှတ်ထားပုံတွေကိုပြောပြသွားတာပါ။ အနိုင်ရဖို့အခွင့်အလမ်းအများကြီးရှိလို့ အရင်ကတည်းကဆော့ဖူးတဲ့လူပဲဖြစ်ဖြစ် ခုမှစဆော့မယ့်လူပဲဖြစ်ဖြစ် 👉 jdbyg မှာလာဆော့ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

☎️ Viber ➤ 09-796448613/ 09-777400832 (24 နာရီဝန်ဆောင်မှု)

Facebook Page ➤ https://www.facebook.com/ygteam168/?modal=admin_todo_tour

Game Download Link ➤ Download

YG Game Team
YG Game Team. 10K likes. Video Game

Design a site like this with WordPress.com
Get started