ရှမ်းကိုးမီးကို စနစ်ကျကျ ဘယ်လိုဆော့ရမလဲ?

ရှမ်းကိုးမီးကို စနစ်ကျကျ ဘယ်လိုဆော့ရမလဲ? မြန်မာရဲ့လူကြီးလူငယ်မရွေးနားလည်ပြီး လူဆော့အများဆုံးဖဲကစားနည်းဆိုရင် “ ရှမ်းကိုးမီး “ ကိုပြေးမြင်ကြမှာအမှန်ပါပဲ။ လောင်းကြေးနဲ့ပဲဖြစ်ဖြစ် အပျော်သဘောပဲဖြစ်ဖြစ် ကစားရတာ လွယ်ကူပြီးနားလည်ရလွယ်တာကြောင့် မြန်မာနိုင်ငံနေရာအနှံ့မှာပါအပြင် အခြားအိမ်နီးချင်းနိုင်တွေကပါ စိတ်ဝင်စားလာကြပါတယ်။ သို့သော်လဲ ရှမ်းကိုးမီးကိုကစားဖို့အတွက် တိကျတဲ့ Rule ဆိုပြီးသတ်မှတ်ထုတ်ပြန်ထားတာမရှိတဲ့အတွက် တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းပြီးဆော့ကစားလာတာ ကြာလာတဲ့အခါမှာတော့ စည်းမျဉ်းတွေကလဲ တဖြေးဖြေးသွေဖယ်ပြောင်းလဲလာသလို အသစ်တိုးလာတာတွေလဲရှိနေပါတယ်။ အဲ့တာကြောင့် ဒီနေ့မှာတော့ မြန်မာရဲ့အောင်မြင်ကျော်ကြားဆုံး ဖဲကစားနည်း ရှမ်းကိုးမီး ကိုစနစ်ကျကျဘယ်လိုဆော့ရမလဲဆိုတာ ရှင်းပြပေးလိုက်ပါတယ်နော်။ ရှမ်းကိုးမီးကစားဖို့ ဘာတွေလိုလဲ?-  ရှမ်းကိုးမီးကစားဖို့အတွက် ၅၂ချပ်ပါဝင်တဲ့ ဖဲအုပ်တစ်အုပ်လိုအပ်ပါတယ်- တကယ်တမ်းကစားနည်းကတော့ ကစားသူ ၃ ~ ၆ ယောက်က ဒိုင်တစ်ဦးနဲ့ယှဉ်ပြီးဆော့ရတာပါဒါပေမယ့်လဲတချို့အပျော်ဝိုင်းတွေမှာ လောင်းကြေးတစ်ခုသတ်မှတ်ပြီး အလယ်ပုံ သဘောနဲ့ အကြီးဆုံး တစ်ယောက်က အကုန်စားရတဲ့ ပုံစံဆော့ကြပါတယ်။ ဒီလိုကစားရင်တော့ ဒိုင်နဲ့ယှဉ်ဆော့တာမဟုတ်တော့ ဒိုင်တော့မပါဘူးပေါ့။ အဲ့လိုကစားတဲ့ပုံစံကလဲ တစ်ဖြေးဖြေးကျယ်ပြန့်လာပြီးအခုဆိုရင် ရှမ်းကိုးမီး”အလယ်ပုံ” ကစားနည်းလို့ခေါ်ကြပါတယ်။

ကစားနည်းလည်ပတ်ပုံကစားပွဲရဲ့အစမှာ ဒိုင် (Dealer) က ကစားဝိုင်းရဲ့သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို “ဘဏ် (Bank)” ထဲထည့်ရပါတယ်။ ပွဲမပြီးမချင်း (သို့) မကုန်မချင်း ဘဏ်မှာထည့်ထားတဲ့ပိုက်ဆံကို ဒိုင်ကထပ်ပေါင်းခွင့် ထုတ်ယူခွင့်မရှိပဲနဲ့ အလျော်အစားမှန်သမျှကို ဘဏ်ထဲကလုပ်ရပါတယ်။ ဒါပေမယ့် အချို့ဝိုင်းတွေမှာဆိုရင် ဒိုင်ကဘဏ်ထဲကပိုက်ဆံတွေအကုန် တစ်လှည့်ထဲနဲ့ရှုံးသွားခဲ့ရင် ဘဏ်ထဲကပမာဏထက် ၂ဆ ထပ်ထည့်ပြီးဒိုင်ဆက်လုပ်ခွင့်ရှိပါတယ်။ ဒီနည်းကတော့ ၀ိုင်းအချို့မှာပဲတွေ့ရတာပါနော်။ သူ့ရဲ့ဘဏ်ထဲထည့်ထားတဲ့ ပမာဏက ၁၀၀၀ကျပ် ဆိုရင် ကစားသူတွေက အနည်းဆုံး ဘဏ်ပမာဏရဲ့ ၁၀% ကိုထည့်ရမှာဖြစ်တဲ့အတွက် ၁၀၀ အနိမ့်ဆုံးထည့်ကိုထည့်ရမှာပါ။ ဘဏ်ထဲမှာပိုက်ဆံမရှိတော့ဘူးဆိုရင် တော့ ဒိုင်ကိုနောက်တစ်ယောက်ပြောင်းရပြီးတော့ ဘဏ်ထဲကပိုက်ဆံသာ ၃ဆ ဖြစ်သွားခဲ့မယ်ဆိုရင် “Warning (၀မ်တိမ်)” ၃လှည့်ခေါ်ခွင့်ရှိသွားတာမို့ ဒိုင်ကသာ “Warning (၀မ်တိမ်)” ခေါ်လိုက်မယ်ဆိုရင် ၃လှည့်အပြီးမှာ ဒိုင်နောက်တစ်ယောက်ပြောင်းရပါတယ်။ ကျွန်တော်တို့ခေါ်နေကြကတော့ ပထမတိမ်၊ ဒုတိယတိမ်၊ နောက်ဆုံးတိမ် လို့ဆိုပေမယ့် ဒေသအလိုက်အခေါ်အဝေါ်တွေတော့ကွဲတာပေါ့။ နောက်ဆုံးတိမ်အပြီးမှာ ဘဏ်ထဲဘယ်လောက်ပဲကျန်ကျန် ဒိုင်ကအကုန်ရယူနိုင်တာပါ။ ရှမ်းကိုးမီး စည်းမျဉ်းများကစားသူတိုင်း ဖဲချပ်၂ချပ်စီ ရမှာဖြစ်ပြီးတော့ ထပ်ဆွဲချင်ရင် နောက်ထပ်တစ်ကဒ်ပဲထပ်ဆွဲနိုင်ပါတယ်။ဖဲဘယ်လိုတွက်ရလဲဆိုရင်တော့ ဖဲချပ်တန်ဖိုးတွေကိုပေါင်းပြီးတော့ အနောက်ပေါက်/ အနောက်ကိန်း ကိုကြည့်ရတာပါ။ ဒီနေရာမှာတော့ နံပါတ်မဟုတ်တဲ့ကတ်တွေရဲ့တန်ဖိုးတွေကA = 1, K = 10, Q = 10, J = 10 ဆိုပြီးသတ်မှတ်တယ်။ (Joker ကိုတော့ ရှမ်းကိုးမီးမှာ ထည့်မဆော့ပါဘူး)အဲ့တော့ ဥပမာ ဖဲချပ်ပေါင်းလို့ 17 ရတယ်ဆိုရင် “7”, 24 ရတယ်ဆိုရင် “4”, 32 ရတယ်ဆိုရင် “2” အဲ့လိုမျိုးအနောက် ကိန်းတွေကိုပဲယူရတာပါ။အဲ့လိုမျိုး အနောက်ကိန်းကတူနေခဲ့မယ်ဆိုရင် အနိုင်အရှုံးကို ၂ချပ်သမားလား ၃ချပ်သမားလား အရင်ကြည့်ရတယ်။ ဥပမာ 7 ချင်းတူနေပေမယ့်လဲ ၂ချပ်ထဲနဲ့ 7 ရတဲ့သူက ၃ချပ်နဲ့ 7 ရတဲ့သူကိုနိုင်တယ်။အဲ့မှာမှထပ်ပြီး အချပ်ရေလဲတူနေသေးတယ်ဆိုရင်တော့ ဖဲရဲ့ကိန်းတန်ဖိုးကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။A ကအကြီးဆုံးဖြစ်ပြီးတော့ A, K, Q, J, 10, 9, ….., 2 ပြီးဖဲချပ်ရဲ့တန်ဖိုးကိုပြန်ကြည့်ရတယ်ဆိုတော့ ဥပမာ4 + 3 = 7 သမားက 6 + A သမားကိုမနိုင်ဘူးဆိုတဲ့သဘောနဲ့ ဆက်ပြီးဆုံးဖြတ်တာပါ။ အဲ့မှာမှထပ်ပြီး အချပ်ရေရော ကိန်းတွေရော တူနေသေးမယ်ဆိုရင် အပွင့်ကိုကြည့်ရမယ့်အလှည့်ရောက်ပြီ။အပွင့် ၄ ခုရှိတဲ့ထဲမှာ Spade ကအကြီးဆုံးဖြစ်ပြီးတော့ Spade(စပိတ်)၊ Heart(ဟက်)၊ Diamond(ဒေါင့်)၊ Club(ညှင်း) ဆိုပြီး Club ကအငယ်ဆုံးအနေနဲ့ကြည့်ရပါတယ်။နောက်ပြီးတော့ ရှမ်းကိုးမီးမှာ ဖဲပွတ်ရတဲ့အဓိက Feeling ကဘာကြောင့်လဲဆိုရင် အပွင့်တူရင် ဆတိုးတွေရနိုင်တာမို့ပါ။ ဖဲ၂ချပ်မှာ အပွင့်တူ ၂ချပ် (ဥပမာ – ဒေါင့် + ဒေါင့်) ဆိုရင်ကိုယ့်လောင်းကြေးရဲ့ ၂ဆ၊ အပွင့်တူ ၃ချပ် (ဥပမာ – ဒေါင့် + ဒေါင့် + ဒေါင့်) ဆိုရင် လောင်းကြေးရဲ့ ၃ဆ ပြန်ရတာပါ။ ဒိုင်ရဲ့ဘေးကစပြီးတော့ လက်ယာရစ်/လက်ဝဲရစ် ( ဒါကတော့ကစားသူတွေရဲ့ နားလည်မှုနဲ့ဆုံးဖြတ်ပါတယ်) ပတ်ပြီးတော့ ကစားသူတစ်ဦးချင်းက ဆွဲမလားမဆွဲဘူးလား တစ်ယောက်တစ်လှည့်စီဆုံးဖြစ်ရတယ်။ ပြီးရင်တော့ဒိုင်က ကိုယ် Catch(ဖမ်း) ချင်တဲ့သူကိုပဲရွေးဖမ်းပြီး ကိုယ့်ဖဲနဲ့ယှဉ်ပြီးအလျော်အစားအရင်လုပ်လိုက်လို့ လဲရသလို ဆွဲပြီးတော့မှ ဖမ်းလဲရပါတယ်။ဒီကစားနည်းမှာ ဖဲ၂ချပ်နဲ့ 8 (သို့) 9 ရမယ်ဆိုရင် “ဒို” လို့သတ်မှတ်ပြီးတော့ ပွဲမစခင်ထဲက ဒိုတယ်ဆိုပြီးလှန်ချလိုက်လို့ရတယ်။ ဒါပေမယ့် 8 ဒိုကို 9 ဒိုကနိုင်သလိုပဲ ဒိုအတူတူချင်းယှဉ်ရင်တောင် အပေါ်မှာရှင်းပြခဲ့သလိုပဲ ကဒ်ရဲ့တန်ဖိုးရယ် အပွင့်ရယ်ကိုကြည့်ပြီး အနိုင်အရှုံးဆုံးဖြတ်ရပါတယ်။ရှမ်းကိုးမီးမှာ ကိန်းအရရော အပွင့်အရရောအကြီးဆုံး ၂ချပ်အတွဲက Spade A + Spade 8 ( စပိတ် A + စပိတ် 8) ပါ။ဒီအတွဲကိုသာရမယ်ဆိုရင်တော့ အဲ့ဝိုင်းအတွက် ကိုယ်ကဘုရင်ပါပဲ! ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ရှမ်းကိုးမီးကို ဘယ်မှာဆော့ရမလဲ? ဖဲချပ်တွေကိုအသုံးပြုပြီး ကိုယ့်အသိတွေနဲ့ ပုံမှန်အတိုင်းသာဆော့မယ်ဆိုရင် ရပေမယ့်ဆော့ဖို့အတွက်လူစုရတာ၊ တစ်ယောက်နဲ့တစ်ယောက် လောင်းကြေးပမာဏ သုံးချင်တဲ့နှုန်းမတူတာ၊ စည်းမျဉ်းနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလုပ်နေရတာ၊ ဖဲချပ်တွေကိုမွှေနှောက်တာ မကျွှမ်းရင်ဒီဖဲတွေပဲ အလှည့်တိုင်းကျနေမှာ၊ လက်မြန်ပြီးလည်တဲ့သူတွေက လိမ်လည်ဖဲဝှက်ပြီးဆော့မှာ သတိထားရတာတွေ ဒီလိုပြသနာတွေတွေတော့ ကြုံရတက်ပါတယ်။ ဒီပြသနာတွေကင်းဝေးပြီး ကိုယ့်လိုပျော်ပျော်ပါးပါး ဆော့ချင်တဲ့ စိတ်တူကိုယ်တူ သမားတွေနဲ့အတူတူဆော့ချင်ရင်တော့ Mobile ဖုန်းလေးတစ်လုံး (သို့) Computer လေးတစ်လုံးရှိရုံနဲ့ Online မှာအမှန်အကန်ဆော့နိုင်ပြီးတော့ အရင်းတွေအဆပေါင်းများစွာတိုးပွားနိုင်နေပြီနော်!ရှမ်းကိုးမီးနဲ့တိုးပွားမယ့်လမ်းစကို ဒီ Link လေး Click နှိပ်လိုက်တာနဲ့ ရှာတွေ့နိုင်ပါပြီ!>> https://jdbyg.com <<Online ကစားနည်းဖြစ်တဲ့အတွက် ဖဲမွှေရတာတွေ၊ စည်းမျဉ်းအငြင်းအခုန်လုပ်ရမှာတွေ လုံးဝလုံးဝကင်းဝေးပြီးတော့ ခလုပ်လေးတစ်ချပ်နှိပ်ရုံနဲ့တင် အားလုံးကိုလုပ်ဆောင်ပြီးသားဖြစ်သွားမှာပေါ့။ပြီးတော့ စည်းမျဉ်းတွေမရှင်းလို့ပဲဖြစ်ဖြစ် မေ့သွားရင်ပဲဖြစ်ဖြစ် ခလုပ်တစ်ချက်အနှိပ်မှာပဲ တိကျတဲ့စည်းမျဉ်းတွေကို မြန်ဆန်စွာကြည့်နိုင်ပါသေးတယ်။

အဲ့တာကြောင့်ခေတ်နောက်ကျမနေပဲ မြန်မာနိုင်ငံအနှံ့က ကစားသမားတွေနဲ့အတူ အခုပဲရင်ဘောင်တန်းပြီးဆော့လိုက်ကြရအောင်!

ဘယ်ကစားသမားမှ လိမ်ခေါက်ကျော်ဖြတ်ခြင်း မခံခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဗန်ဒိုက်ခ်ျ

  လီဗာပူးအသင်းရဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ရုံသာမက ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးထက် တစ်မှတ်သာ လျော့နည်းခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံနယ်သာလန်အသင်းကိုလည်း ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

 ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ဗန်ဒိုက်ခ်ျရဲ့ အကောင်းဆုံး မှတ်တမ်းကတော့ ပြီးခဲ့တဲ့ရာသီက ဘယ်တိုက်စစ်ကစားသမားကမှ သူ့ကို လိမ်ခေါက်ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ခံစစ်ကစားသမားတစ်ယောက်အတွက် အရမ်းကို ဂုဏ်ယူစရာကောင်းလွန်းတဲ့ မှတ်တမ်းဖြစ်ပြီး ယခုအခါမှာတော့ ပြိုင်ဘက်တွေကို တစ်ဦးချင်း ထိန်းချုပ်နည်း လျှို့ဝှက်ချက်ကို ထုတ်ပြောလာခဲ့ပါပြီ။

Unisport နဲ့ အင်တာဗျူးမှာတော့ ဗန်ဒိုက်ခ်ျက ” ဒါဟာ အရင်က လမ်းကြားလေးတွေမှာ တစ်ယောက်ချင်း ဘောလုံးကစားခဲ့တဲ့ အကျိုးကျေးဇူးတွေပါ။ ကျွန်တော် ကလေးဘဝတုန်းက တစ်ဖက်၅ယောက်စီကစားရတဲ့ လမ်းဘေးပွဲလေးတွေကို သိပ်ကြိုက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်က တိုက်စစ်ကစားသမားတွေရဲ့ ခံစားချက်နဲ့ သူတို့ကို ဘယ်လိုထိုးနှက်ရမလဲဆိုတာ မြင်လာခဲ့တာ ဖြစ်ပါတယ်။ “

ပရော်ဖက်ရှင်နယ်လ် ကစားသမားဘဝရောက်တော့လည်း ဒါတွေက အတွေ့အကြုံကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ မင်းက ခံစစ် ဒါမှမဟုတ် တိုက်စစ်ကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာ ဘောလုံးကစားရတဲ့ အလေ့အကျင့်ကို မစွန့်လွှတ်လိုက်ပါနဲ့။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ခ်ျက ” အကောင်းဆုံး အကြံပေးချင်တာတစ်ခုကတော့ ကစားသမားကောင်းတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒါဟာ ကျွန်တော်ရဲ့ခံယူချက်လည်း ဖြစ်ပါတယ်။ လူငယ်မျိုးဆက်သစ် ကစားသမားတွေလည်း ဒါကို လက်ခံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ အကြံပေးစကား ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

မက်ဆီကို ဘာ့ကြောင့် အရူးအမူးအားပေးရသလဲဆိုတာ ဖွင့်ဟလာခဲ့တဲ့ ဖက်ဒါးရား

 ကမ္ဘာကျော်တင်းနစ်ချန်ပီယံကြီး ရော်ဂျာဖက်ဒါးရားက သူ့အနေနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ အဓိကပရိသတ်ဖြစ်နေရတဲ့ အကြောင်းရင်းနဲ့ပတ်သတ်ပြီး သူ့ရဲ့ အမြင်ကို ဖွင့်ဟလာခဲ့ပါတယ်။

အသက်၃၇နှစ်အရွယ် ဆွစ်ဇာလန် တင်းနစ်အကျော်အမော် ဖက်ဒါးရားက မက်ဆီအနေနဲ့ မြက်ခင်းစိမ်းပေါ်မှာ အခြေအနေ၃ခုထဲက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ” ကျွန်တော် မက်ဆီကို အဓိက နျစ်သက်ရတဲ့ အကြောင်းအရင်းကတော့ သူဟာ ကွင်းအတွင်းမှာ ဘောလုံးရတာနဲ့ ပြိုင်ဘက်ဂိုးပေါက်ကို သေချာပေါက်ခြိမ်းခြောက်နိုင်တော့ဖို့ အရာအားလုံး ပြင်ဆင်ပြီးပါပြီ။ “

” သူဟာ ပြိုင်ဘက်အသင်းရဲ့ အန္တရာယ်ဇုန်ထဲကို ရောက်တာနဲ့ လူပေးမလား။ လိမ်ခေါက်မလား။ ကန်သွင်းမလား။ ဘာမဆို လုပ်ဆောင်နိုင်တဲ့ အရည်အချင်းနဲ့အမြင် သူ့မှာ အပြည့်အဝရှိပါတယ်။ ဒါမျိုး တော်ရုံကစားသမားတွေမှာ မမြင်ရနိုင်ပါဘူး။ ” လို့ ချီးကျူးခဲ့ပါတယ်။ ဒါဟာ ဖက်ဒါးရားအနေနဲ့ အသက်၃၂နှစ်အရွယ် မက်ဆီကို ပထမဆုံးအကြိမ် ချီးကျူးတာတော့ မဟုတ်ပါဘူး။

ဂရင်းစလင်း ချန်ပီယံဆုကို ကမ္ဘာ့စံချိန်တင် အကြိမ်၂၀အထိရယူထားနိုင်ခဲ့တဲ့ ဖက်ဒါးရားဟာ လီယွန်နယ်မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ကြောင်း ချီးကျူးခဲ့ဖူးတာ ဖြစ်ပါတယ်။ ” မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားလို့ မြင်ပါတယ်။ သူဘောလုံးကစားတာကို စောင့်ကြည့်ရတာနှစ်သက်ပြီး တစ်နေ့မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ဖက်ဒါးရားက ပြောကြားခဲ့ဖူးပါတယ်။

မက်ဆီဟာ လက်ရှိမှာတော့ နိုင်ငံအသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တွေမှာတော့ ခြေစွမ်းရော ရလဒ်ပါ မကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ အချိတ်အဆက်မိလာကာ ဗင်နီဇွဲလားအသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ မဟာပြိုင်ဘက် အိမ်ရှင်ဘရာဇီးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

ဘယ်ကစားသမားမှ ရိုက်ချိုးနိုင်ဖို့ မလွယ်ကူတော့တဲ့ ၂၀၁၂ခုနှစ်က မက်ဆီရဲ့စံချိန်

လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

  လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

အသက်၂၅နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ၂၀၁၂ခုနှစ်မှာတော့ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၉၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉ကြိမ် ပြုလုပ်သွားနိုင်ခဲ့တာပါ။ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးသွင်းစံချိန်ပါပဲ။ မက်ဆီဟာ အဲ့ဒီ့ ၉၁ဂိုးထဲက ၇၉ဂိုးကိုတော့ ဘာစီလိုနာအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁၂ဂိုးကိုတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ယခင်က ပြက္ခဒိန်​တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးသွင်းယူပြီး အနှစ်၄၀ကြာ ကမ္ဘာ့စံချိန်တင်ထားခဲ့တဲ့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် မယုံကြည်နိုင်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မက်ဆီဟာ အဲ့ဒီ့သွင်းဂိုး ၉၁ဂိုး သွင်းယူနိုင်ဖို့အတွက် ပွဲပေါင်း ၆၉ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။ ၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

ဘောလုံးလောကရဲ့ အခမ်းနားဆုံး Comeback အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကိုရီးယားလိဂ်ကပွဲစဉ်

                ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ comeback ပွဲစဉ်တော်တော်များများကို ပရိသတ်တွေ ကြည့်ရှုခံစားလိုက်ရမှာပါ။ လီဗာပူးရဲ့ ဘာစီလိုနာကို အန်းဖီးလ်မှာ အနိုင်ယူခဲ့တဲ့ comeback ၊ စပါးအသင်းရဲ့ အေဂျက်ဇ်ကို အနိုင်ယူခဲ့တဲ့ comeback ၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ PSG ကွင်းမှာ တစ်ကျော့ပြန် အနိုင်ယူခဲ့တဲ့ comeback ပွဲတွေဟာ ပရိသတ်တွေကြားမှာ တသသ ပြောကျန်ရစ်ခဲ့ရတဲ့ comeback ပွဲစဉ်တွေပါပဲ။ ဒါပေမယ့် မနေ့က ကစားသွားခဲ့တဲ့ တောင်ကိုရီးယားပြည်တွင်းလိဂ်က ပွဲစဉ်တစ်ပွဲကိုတော့ မှီမယ်မထင်ပါဘူး။

တောင်ကိုရီးယားကလပ် ဂန်ဝန်းအသင်းနဲ့ ပိုဟန်စတီးလားစ်အသင်းတို့ဟာ ဘောလုံးပွဲကြည့်ရှုသူ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပေးနိုင်ဆုံး ပွဲစဉ်တစ်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ နည်းပြကင်ဗြောင်ဆူးရဲ့ ဂန်ဝန်းအသင်းဟာ ပွဲကစားချိန် ၅၇မိနစ်အရောက်မှာ ပိုဟန်စတီးလားစ်အသင်းကို ၄ဂိုးပြတ် အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝ စိတ်ဓါတ်မကျပဲ အကောင်းဆုံး ဆက်လက်ကြိုးစားကစားခဲ့ပြီး ၇၁မိနစ်အရောက်မှာတော့ ချိုဂျေးဝမ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

၈မိနစ်အကြာမှာပဲ ဂန်ဝမ်းနောက်ခံလူ ဗလန်တီနိုစီလစ်က ချေပဂိုးတစ်ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး (၄-၂) ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ်ထားနေကြစဉ်မှာပဲ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ နာကျင်အချိန်ပို ၆မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ အဆိုပါ ပထမချေပဂိုး သွင်းယူပေးခဲ့တဲ့ ချိုဂျေးဝမ်ကပဲ ၉၀+၂ မိနစ်နဲ့ ၉၀+၄ မိနစ်တို့မှာ ၂ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး (၄-၄) စီ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပွဲပြီးဖို့ စက္ကန့်​ပိုင်းလောက်ပဲ လိုပါတော့တယ်။ နောက်ဆုံးအပိုင်းအခြား အခိုက်အတန့်လေးမှာပဲ ဂန်ဝမ်းတိုက်စစ်မှူး ဂျန်ဂျိုဂွတ်က ဘောလုံးလောကရဲ့ အခမ်းနားဆုံး epic comeback တစ်ခုဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ဂန်ဝမ်းအသင်းရဲ့ Chuncheon Songam ကွင်းကြီးထဲမှာလည်း ပရိသတ်ပေါင်းများစွာရဲ့ အောင်ပွဲခံတဲ့အသံတွေနဲ့ သောသောညံခဲ့ပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ ၄ဂိုးပြတ်အရှုံးကနေ နာကျင်အချိန်ပိုမှာ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကို ဘောလုံးပွဲတစ်ပွဲက ပေးစွမ်းတဲ့ ရသကို ပြည့်ပြည့်ဝဝ ခံစားရစေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီပွဲကို ဘောလုံးလောကရဲ့ အခမ်းနားဆုံး ပြန်လာနိုင်မှုလို့ သတ်မှတ်ခဲ့ကြပြီး ဂန်ဝမ်းအသင်းဟာလည်း သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီ မန်ယူအသင်းကိုပြန်ရောက်ဖို့ရှိမလား .?

 

မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာ ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့အရင်အသင်းတိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီကို အသင်းမှာလေ့ကျင့် န်းဆင်းဖို့ဖိတ်ခေါ်ခဲ့တာမို့ ရော့စီကို မန်ယူအသင်းဂျာစီနဲ့ပြန်ပြီးမြင်တွေ့ရဖို့ရှိမလားလို့ ပရိသတ်တွေ က စိတ်လှုပ်ရှားမျှော်လင့်နေကြတယ်လို့သိရပါတယ်။

ဂျီနိုအာအသင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ရော့စီဟာ ပြီးခဲ့တဲ့ ၂၀၁၈ မေလ ဂျီနိုအာနဲ့ဘီနီဗင်တိုအသင်းယှဉ်ပြိုင်ကစားခဲ့ တဲ့ပွဲမှာ ဆေးကျခဲ့ပြီးနောက်တနှစ်ပွဲပယ်ခံရနိုင်တဲ့စွဲချက်နဲ့အမှုရင်ဆိုင်ခဲ့ရပြီး၊ သူ့ကိုယ်ထဲမှာတွေ့တဲ့ dorzolamide ဒြပ်ပေါင်းဟာ အစားအစာထဲမှာပါနိုင်တယ်ဆိုတဲ့ လျှောက်လှဲချက်ကြောင့် နောက်ဆုံးမှာပြင်းပြင်းထန်ထန်သတိပေးခံရ တဲ့အဆင့်နဲ့ စွဲချက်ကနေလွတ်မြောက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရော့စီ ” ပြီးခဲ့တဲ့ လေးလက ဘဝအတွက်ခြောက်လှန့်နေမယ့်အိပ်မက်ဆိုးပါပဲ၊ ခုချိန်မှာတော့ဘောလုံး ကစားဖို့တခုတည်းပဲ ခေါင်းထဲမှာတွေးထားပါတယ် ” လို့ရင်ဖွင့်သွားခဲ့ပါတယ်။ ဒါကြောင့် ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့ သူ့ကို မန်ယူအသင်းနည်းပြဆိုးလ်ရှားကဘောလုံးသမားဘဝမဆုံးရှုံးသွားဖို့အတွက်ကူညီတဲ့အနေနဲ့အသင်းမှာလေ့ကျင့် ခန်းဆင်းဖို့ ဖိတ်ခေါ်ခဲ့တာကို ရော့စီကလည်းလက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Football – Stock – 05/06 – 7/5/06 Giuseppe Rossi – Manchester United Mandatory Credit: Action Images / Reuters / Phil Noble Picture Supplied by Action Images *** Local Caption *** _T3Y0040.jpg

ဘောလုံးကစားခြင်းမှာထူးခြားတဲ့ပါရမီရှိတဲ့သူလို့ချီးကျုးခံရတဲ့ရာ့စီကိုမန်ယူအသင်းဟာ ၂၀၀၄ ခုနှစ်(သူ့အသက် ၁၇ နှစ်)ကတည်းက ခေါ်ယူခဲ့ပြီးအသင်းကြီးမှာ ပါဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့်မန်ယူအသင်းမှာရှိခဲ့တဲ့ ၃ ရာသီအတွင်း လူငယ်ကစားသမားတယောက်အတွက် ပွဲထွက်ကစားခွင့်ရဖို့မလွယ်ကူတာမို့ နယူးကာဆယ်နဲ့ ပါးမားအသင်းတွေမှာ အဌားနဲ့သွားကစားခဲ့ရပြီး နောက်ဆုံး ၂၀၀၇ ခုနှစ်မှာ ဗီလာရီယဲလ်အသင်းကို ယူရို ၁၀ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ခြေစွမ်းနဲ့ပါရမီရှိပေမယ့် ရော့စီဟာဗီလာရီယဲလ်အသင်းမှာရခဲ့တဲ့ဒူးဒဏ်ရာကြောင့် ကစားသမားဘဝအဆုံးသတ်လုနီး ပါးဖြစ်ခဲ့ဖြစ်ခဲ့သလို၊ ခုတကြိမ်လည်း ဆေးမှုကြောင့်သူ့ဘောလုံးသမားဘဝ နောက်တကြိမ်နောက်တခါအဆုံးသတ်မလို ဖြစ်နေခဲ့ရတာကြောင့် မန်ယူပရိသတ်တွေက သူ့ဘောလုံးသမားစောစီးစွာ အဆုံးမသတ်စေဖို့အတွက် အသင်းမှာပြန် ခေါ်နေရာပေးကစားစေဖို့ စိတ်အားထက်သန်နေကြကာ ဒါနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကိုတိုက်တွန်းသွားဖို့ရှိတယ် လို့သိရပါတယ်။

Design a site like this with WordPress.com
Get started