ဘယ်ကစားသမားမှ ရိုက်ချိုးနိုင်ဖို့ မလွယ်ကူတော့တဲ့ ၂၀၁၂ခုနှစ်က မက်ဆီရဲ့စံချိန်

လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

  လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

အသက်၂၅နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ၂၀၁၂ခုနှစ်မှာတော့ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၉၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉ကြိမ် ပြုလုပ်သွားနိုင်ခဲ့တာပါ။ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးသွင်းစံချိန်ပါပဲ။ မက်ဆီဟာ အဲ့ဒီ့ ၉၁ဂိုးထဲက ၇၉ဂိုးကိုတော့ ဘာစီလိုနာအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁၂ဂိုးကိုတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ယခင်က ပြက္ခဒိန်​တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးသွင်းယူပြီး အနှစ်၄၀ကြာ ကမ္ဘာ့စံချိန်တင်ထားခဲ့တဲ့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် မယုံကြည်နိုင်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မက်ဆီဟာ အဲ့ဒီ့သွင်းဂိုး ၉၁ဂိုး သွင်းယူနိုင်ဖို့အတွက် ပွဲပေါင်း ၆၉ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။ ၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

ဘောလုံးလောကရဲ့ အခမ်းနားဆုံး Comeback အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကိုရီးယားလိဂ်ကပွဲစဉ်

                ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ comeback ပွဲစဉ်တော်တော်များများကို ပရိသတ်တွေ ကြည့်ရှုခံစားလိုက်ရမှာပါ။ လီဗာပူးရဲ့ ဘာစီလိုနာကို အန်းဖီးလ်မှာ အနိုင်ယူခဲ့တဲ့ comeback ၊ စပါးအသင်းရဲ့ အေဂျက်ဇ်ကို အနိုင်ယူခဲ့တဲ့ comeback ၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ PSG ကွင်းမှာ တစ်ကျော့ပြန် အနိုင်ယူခဲ့တဲ့ comeback ပွဲတွေဟာ ပရိသတ်တွေကြားမှာ တသသ ပြောကျန်ရစ်ခဲ့ရတဲ့ comeback ပွဲစဉ်တွေပါပဲ။ ဒါပေမယ့် မနေ့က ကစားသွားခဲ့တဲ့ တောင်ကိုရီးယားပြည်တွင်းလိဂ်က ပွဲစဉ်တစ်ပွဲကိုတော့ မှီမယ်မထင်ပါဘူး။

တောင်ကိုရီးယားကလပ် ဂန်ဝန်းအသင်းနဲ့ ပိုဟန်စတီးလားစ်အသင်းတို့ဟာ ဘောလုံးပွဲကြည့်ရှုသူ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပေးနိုင်ဆုံး ပွဲစဉ်တစ်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ နည်းပြကင်ဗြောင်ဆူးရဲ့ ဂန်ဝန်းအသင်းဟာ ပွဲကစားချိန် ၅၇မိနစ်အရောက်မှာ ပိုဟန်စတီးလားစ်အသင်းကို ၄ဂိုးပြတ် အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝ စိတ်ဓါတ်မကျပဲ အကောင်းဆုံး ဆက်လက်ကြိုးစားကစားခဲ့ပြီး ၇၁မိနစ်အရောက်မှာတော့ ချိုဂျေးဝမ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

၈မိနစ်အကြာမှာပဲ ဂန်ဝမ်းနောက်ခံလူ ဗလန်တီနိုစီလစ်က ချေပဂိုးတစ်ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး (၄-၂) ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ်ထားနေကြစဉ်မှာပဲ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ နာကျင်အချိန်ပို ၆မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ အဆိုပါ ပထမချေပဂိုး သွင်းယူပေးခဲ့တဲ့ ချိုဂျေးဝမ်ကပဲ ၉၀+၂ မိနစ်နဲ့ ၉၀+၄ မိနစ်တို့မှာ ၂ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး (၄-၄) စီ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပွဲပြီးဖို့ စက္ကန့်​ပိုင်းလောက်ပဲ လိုပါတော့တယ်။ နောက်ဆုံးအပိုင်းအခြား အခိုက်အတန့်လေးမှာပဲ ဂန်ဝမ်းတိုက်စစ်မှူး ဂျန်ဂျိုဂွတ်က ဘောလုံးလောကရဲ့ အခမ်းနားဆုံး epic comeback တစ်ခုဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ဂန်ဝမ်းအသင်းရဲ့ Chuncheon Songam ကွင်းကြီးထဲမှာလည်း ပရိသတ်ပေါင်းများစွာရဲ့ အောင်ပွဲခံတဲ့အသံတွေနဲ့ သောသောညံခဲ့ပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ ၄ဂိုးပြတ်အရှုံးကနေ နာကျင်အချိန်ပိုမှာ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကို ဘောလုံးပွဲတစ်ပွဲက ပေးစွမ်းတဲ့ ရသကို ပြည့်ပြည့်ဝဝ ခံစားရစေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီပွဲကို ဘောလုံးလောကရဲ့ အခမ်းနားဆုံး ပြန်လာနိုင်မှုလို့ သတ်မှတ်ခဲ့ကြပြီး ဂန်ဝမ်းအသင်းဟာလည်း သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီ မန်ယူအသင်းကိုပြန်ရောက်ဖို့ရှိမလား .?

 

မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာ ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့အရင်အသင်းတိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီကို အသင်းမှာလေ့ကျင့် န်းဆင်းဖို့ဖိတ်ခေါ်ခဲ့တာမို့ ရော့စီကို မန်ယူအသင်းဂျာစီနဲ့ပြန်ပြီးမြင်တွေ့ရဖို့ရှိမလားလို့ ပရိသတ်တွေ က စိတ်လှုပ်ရှားမျှော်လင့်နေကြတယ်လို့သိရပါတယ်။

ဂျီနိုအာအသင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ရော့စီဟာ ပြီးခဲ့တဲ့ ၂၀၁၈ မေလ ဂျီနိုအာနဲ့ဘီနီဗင်တိုအသင်းယှဉ်ပြိုင်ကစားခဲ့ တဲ့ပွဲမှာ ဆေးကျခဲ့ပြီးနောက်တနှစ်ပွဲပယ်ခံရနိုင်တဲ့စွဲချက်နဲ့အမှုရင်ဆိုင်ခဲ့ရပြီး၊ သူ့ကိုယ်ထဲမှာတွေ့တဲ့ dorzolamide ဒြပ်ပေါင်းဟာ အစားအစာထဲမှာပါနိုင်တယ်ဆိုတဲ့ လျှောက်လှဲချက်ကြောင့် နောက်ဆုံးမှာပြင်းပြင်းထန်ထန်သတိပေးခံရ တဲ့အဆင့်နဲ့ စွဲချက်ကနေလွတ်မြောက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရော့စီ ” ပြီးခဲ့တဲ့ လေးလက ဘဝအတွက်ခြောက်လှန့်နေမယ့်အိပ်မက်ဆိုးပါပဲ၊ ခုချိန်မှာတော့ဘောလုံး ကစားဖို့တခုတည်းပဲ ခေါင်းထဲမှာတွေးထားပါတယ် ” လို့ရင်ဖွင့်သွားခဲ့ပါတယ်။ ဒါကြောင့် ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့ သူ့ကို မန်ယူအသင်းနည်းပြဆိုးလ်ရှားကဘောလုံးသမားဘဝမဆုံးရှုံးသွားဖို့အတွက်ကူညီတဲ့အနေနဲ့အသင်းမှာလေ့ကျင့် ခန်းဆင်းဖို့ ဖိတ်ခေါ်ခဲ့တာကို ရော့စီကလည်းလက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Football – Stock – 05/06 – 7/5/06 Giuseppe Rossi – Manchester United Mandatory Credit: Action Images / Reuters / Phil Noble Picture Supplied by Action Images *** Local Caption *** _T3Y0040.jpg

ဘောလုံးကစားခြင်းမှာထူးခြားတဲ့ပါရမီရှိတဲ့သူလို့ချီးကျုးခံရတဲ့ရာ့စီကိုမန်ယူအသင်းဟာ ၂၀၀၄ ခုနှစ်(သူ့အသက် ၁၇ နှစ်)ကတည်းက ခေါ်ယူခဲ့ပြီးအသင်းကြီးမှာ ပါဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့်မန်ယူအသင်းမှာရှိခဲ့တဲ့ ၃ ရာသီအတွင်း လူငယ်ကစားသမားတယောက်အတွက် ပွဲထွက်ကစားခွင့်ရဖို့မလွယ်ကူတာမို့ နယူးကာဆယ်နဲ့ ပါးမားအသင်းတွေမှာ အဌားနဲ့သွားကစားခဲ့ရပြီး နောက်ဆုံး ၂၀၀၇ ခုနှစ်မှာ ဗီလာရီယဲလ်အသင်းကို ယူရို ၁၀ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ခြေစွမ်းနဲ့ပါရမီရှိပေမယ့် ရော့စီဟာဗီလာရီယဲလ်အသင်းမှာရခဲ့တဲ့ဒူးဒဏ်ရာကြောင့် ကစားသမားဘဝအဆုံးသတ်လုနီး ပါးဖြစ်ခဲ့ဖြစ်ခဲ့သလို၊ ခုတကြိမ်လည်း ဆေးမှုကြောင့်သူ့ဘောလုံးသမားဘဝ နောက်တကြိမ်နောက်တခါအဆုံးသတ်မလို ဖြစ်နေခဲ့ရတာကြောင့် မန်ယူပရိသတ်တွေက သူ့ဘောလုံးသမားစောစီးစွာ အဆုံးမသတ်စေဖို့အတွက် အသင်းမှာပြန် ခေါ်နေရာပေးကစားစေဖို့ စိတ်အားထက်သန်နေကြကာ ဒါနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကိုတိုက်တွန်းသွားဖို့ရှိတယ် လို့သိရပါတယ်။

Design a site like this with WordPress.com
Get started