လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကမှာတော့ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုနဲ့အပြိုင် သတ်မှတ်ခြင်းခံထားရတဲ့ မက်ဆီရဲ့ ၂၀၁၂ခုနှစ်က ဂိုးသွင်းစံချိန်တစ်ခုဟာ နောင်နှစ်ပေါင်းများစွာတိုင် ဘယ်ကစားသမားမှ ချိုးဖျက်ဖို့ မလွယ်ကူတော့ပါဘူး။

အသက်၂၅နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ၂၀၁၂ခုနှစ်မှာတော့ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၉၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉ကြိမ် ပြုလုပ်သွားနိုင်ခဲ့တာပါ။ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးသွင်းစံချိန်ပါပဲ။ မက်ဆီဟာ အဲ့ဒီ့ ၉၁ဂိုးထဲက ၇၉ဂိုးကိုတော့ ဘာစီလိုနာအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁၂ဂိုးကိုတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ယခင်က ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးသွင်းယူပြီး အနှစ်၄၀ကြာ ကမ္ဘာ့စံချိန်တင်ထားခဲ့တဲ့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် မယုံကြည်နိုင်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မက်ဆီဟာ အဲ့ဒီ့သွင်းဂိုး ၉၁ဂိုး သွင်းယူနိုင်ဖို့အတွက် ပွဲပေါင်း ၆၉ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။ ၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်က မက်ဆီရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ပြပါဆိုရင်တော့ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာတော့ မက်ဆီဟာ တစ်ဦးတည်း ၅ဂိုးသွင်းခဲ့ပြီး Rating သတ်မှတ်ချက် ၁၀မှာ ၁၀အပြည့် ရရှိခဲ့ပါတယ်။