ဒီလိုက်ခ်ျကို ကြားဖြတ်ခေါ်ယူနိုင်ခြေရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်

  အေဂျက်ဇ်လူငယ်နောက်ခံလူဒီလိုက်ခ်ျဟာ ဂျူဗင်တပ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုက်ခ်ျကိုခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒီိလိုက်ခ်ျဟာ ဂျူဗင်တပ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သတင်းတွေက ခိုင်ခိုင်မာမာ ဖော်ပြလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ BBC Sport ရဲ့ David David Ornstein က ဒီလိုက်ခ်ျကို ကြားဖြတ်ခေါ်ယူနိုင်တဲ့ အသင်းဟာ တစ်သင်းတည်းရှိနေပြီး အဲဒီအသင်းဟာ ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့ တာပဲ ဖြစ်ပါတယ်။

မန်ုယူအသင်းဟာလည်း ဒီလိုက်ခ်ျကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းဖြစ်ပြီး ဒီလိုက်ခ်ျနဲ့လည်း သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေခဲ့ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ နောက်တန်းကို အဓိကပြင်ဆင်လိုလျက် ရှိနေပါတယ်။

ဒါကြောင့် မန်ယူအသင်းဟာ ထိပ်တန်းကစားသမားတော်တော်များများကို ပစ်မှတ်ထားလျက်ရှိနေပြီး အဲဒီအထဲကမှ အေဂျက်ဖ်လူငယ်နောက်ခံလူဒီလိုက်ခ်ျဟာ ဆိုးလ်ရှားအကြိုက်တွေ့ဆုံးကစာသမားလို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒီလိုက်ခ်ျကို ပြောင်းရွှေ့ကြေးစရိတ် အများအပြား အသုံးပြုကာ ကြးဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုက်ခ်ျကတော့ မန်ယူကို ပြောင်းရွှေ့ဖို့ဆန္ဒမရှိဖြစ်နေတယ်လို့ သိရပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started