ပေါ့ဘာရဲ့နေရာအစားထိုးဖို့ အသင့်တော်ဆုံးကစားသမားအဖြစ် ဂွမ်ဒူဇီကိုရွေးချယ်

                မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာသာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ပါက အစားထိုးဖို့ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားမသား မတ်တီယို ဂွမ်ဒူဇီသာ အသင့်တော်ဆုံးဖြစ်တယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက ပြောကြားသွားခဲ့ပါတယ်။

              လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ကော်လီမိုးကတော့ လက်ရှိမှာ ဈေးကွက်တန်ဖိုး ပေါင်သန်း၁၅၀နီးပါး ရှိနေတဲ့ ပေါ့ဘာသာ ယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့ပါက သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားတွေအကြောင်းကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ” တကယ်လို့ ပေါ့ဘာသာအသင်းကနေ ထွက်သွားမယ်ဆိုရင် ကျွန်တော့်အမြင်မှာ အစားထိုးဖို့ ကစားသမား သုံးယောက်တိတိ ရှိနေပါတယ်။ “

” ဒီကလန်ရိုက်စ် ၊ မက်ဒီဆင် နဲ့ ဂွမ်ဒူဇီတို့ပါ။ သူတို့အားလုံးဟာ အသက်ငယ်ပေမယ့် အရည်အသွေးပြည့်ဝတဲ့ ကွင်းလယ်ကစားသမားတွေပါ။ သုံးယောက်စလုံးပဲ ဖြစ်ဖြစ် ၊ တစ်ယောက်ပဲဖြစ်ဖြစ် အိုးထရက်ဖို့ဒ်ကို ရောက်လာတာနဲ့ အသင်းရဲ့ ကွင်းလယ်ကစားကွက်ကို မြှင့်တင်ပေးနိုင်မယ်လို့ထင်ပါတယ်။ ဂွမ်ဒူဇီကတော့ အသင့်တော်ဆုံးပါပဲ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started