
မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာ ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့အရင်အသင်းတိုက်စစ်မှူးဟောင်းဂူဆစ်ပီရော့စီကို အသင်းမှာလေ့ကျင့် န်းဆင်းဖို့ဖိတ်ခေါ်ခဲ့တာမို့ ရော့စီကို မန်ယူအသင်းဂျာစီနဲ့ပြန်ပြီးမြင်တွေ့ရဖို့ရှိမလားလို့ ပရိသတ်တွေ က စိတ်လှုပ်ရှားမျှော်လင့်နေကြတယ်လို့သိရပါတယ်။

ဂျီနိုအာအသင်းတိုက်စစ်မှူးဟောင်းဖြစ်တဲ့ရော့စီဟာ ပြီးခဲ့တဲ့ ၂၀၁၈ မေလ ဂျီနိုအာနဲ့ဘီနီဗင်တိုအသင်းယှဉ်ပြိုင်ကစားခဲ့ တဲ့ပွဲမှာ ဆေးကျခဲ့ပြီးနောက်တနှစ်ပွဲပယ်ခံရနိုင်တဲ့စွဲချက်နဲ့အမှုရင်ဆိုင်ခဲ့ရပြီး၊ သူ့ကိုယ်ထဲမှာတွေ့တဲ့ dorzolamide ဒြပ်ပေါင်းဟာ အစားအစာထဲမှာပါနိုင်တယ်ဆိုတဲ့ လျှောက်လှဲချက်ကြောင့် နောက်ဆုံးမှာပြင်းပြင်းထန်ထန်သတိပေးခံရ တဲ့အဆင့်နဲ့ စွဲချက်ကနေလွတ်မြောက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရော့စီ ” ပြီးခဲ့တဲ့ လေးလက ဘဝအတွက်ခြောက်လှန့်နေမယ့်အိပ်မက်ဆိုးပါပဲ၊ ခုချိန်မှာတော့ဘောလုံး ကစားဖို့တခုတည်းပဲ ခေါင်းထဲမှာတွေးထားပါတယ် ” လို့ရင်ဖွင့်သွားခဲ့ပါတယ်။ ဒါကြောင့် ကလပ်သင်းလက်မဲ့ဖြစ်နေတဲ့ သူ့ကို မန်ယူအသင်းနည်းပြဆိုးလ်ရှားကဘောလုံးသမားဘဝမဆုံးရှုံးသွားဖို့အတွက်ကူညီတဲ့အနေနဲ့အသင်းမှာလေ့ကျင့် ခန်းဆင်းဖို့ ဖိတ်ခေါ်ခဲ့တာကို ရော့စီကလည်းလက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဘောလုံးကစားခြင်းမှာထူးခြားတဲ့ပါရမီရှိတဲ့သူလို့ချီးကျုးခံရတဲ့ ရော့စီကိုမန်ယူအသင်းဟာ ၂၀၀၄ ခုနှစ်(သူ့အသက် ၁၇ နှစ်)ကတည်းက ခေါ်ယူခဲ့ပြီးအသင်းကြီးမှာ ပါဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့်မန်ယူအသင်းမှာရှိခဲ့တဲ့ ၃ ရာသီအတွင်း လူငယ်ကစားသမားတယောက်အတွက် ပွဲထွက်ကစားခွင့်ရဖို့မလွယ်ကူတာမို့ နယူးကာဆယ်နဲ့ ပါးမားအသင်းတွေမှာ အဌားနဲ့သွားကစားခဲ့ရပြီး နောက်ဆုံး ၂၀၀၇ ခုနှစ်မှာ ဗီလာရီယဲလ်အသင်းကို ယူရို ၁၀ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ခြေစွမ်းနဲ့ပါရမီရှိပေမယ့် ရော့စီဟာဗီလာရီယဲလ်အသင်းမှာရခဲ့တဲ့ဒူးဒဏ်ရာကြောင့် ကစားသမားဘဝအဆုံးသတ်လုနီး ပါးဖြစ်ခဲ့ဖြစ်ခဲ့သလို၊ ခုတကြိမ်လည်း ဆေးမှုကြောင့်သူ့ဘောလုံးသမားဘဝ နောက်တကြိမ်နောက်တခါအဆုံးသတ်မလို ဖြစ်နေခဲ့ရတာကြောင့် မန်ယူပရိသတ်တွေက သူ့ဘောလုံးသမားစောစီးစွာ အဆုံးမသတ်စေဖို့အတွက် အသင်းမှာပြန် ခေါ်နေရာပေးကစားစေဖို့ စိတ်အားထက်သန်နေကြကာ ဒါနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကိုတိုက်တွန်းသွားဖို့ရှိတယ် လို့သိရပါတယ်။

